သတင်းများ

နမ့်ဆန်မြို့နယ်တွင် လျှပ်စစ်မီးချွေတာသုံးစွဲရေးအသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Jun 15,2022
နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် လွှင့်တင်အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လည့် (၂)နာရီက လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးအသိပညာပေး TalkShow ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးတိုက်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား နေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး
Jun 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးတိုက်နယ်တွင် အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံအေးချမ်းစွာ ပညာသင်ကြားနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့ နံနက် (၁၀)နာရီအချိန်မှစ၍ လှည့်လည်လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနက Google Apps အသုံးပြုခြင်းဆိုင်ရာ သင်တန်းပို့ချ
Jun 15,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Google Apps အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Zoom meeting ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် ရွှေဥမင် ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းကျောင်းရှိ စာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း
Jun 15,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်းထမ်းများသည် ညောင်ဦးမြို့၊ သီလရင်စုရပ်၊ရှိ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ စာပေဖတ်ရှုနိုင်ရန်အတွက် ဇွန် ၁၅ ရက် နံနက် ၉နာရီခွဲအချိန်က ကလေး ဖတ်စာအုပ်များသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံ ၆၉၀၉၄ ဧက စိုက်ပျိုးရန် လျာထား
Jun 15,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆန်စပါးရိက္ခာ ဖူလုံစေရေးအတွက် ၂၀၂၂-၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင်  ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 15,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေး လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အစိုးရ အဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ရန်နိုင်စိုး၊ တိုင်းဒေသကြီး တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင် ဌာနများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မင်းကင်းမြို့နယ်တွင် အသက်၅နှစ် မှ၁၂နှစ်အထိနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပေး
Jun 15,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကျွန်းတော်(တောင်) ကျေးရွာ အခြေခံပညာမူလတန်း‌ကျောင်းတွင် အသက် (၅)နှစ်မှ (၁၂)နှစ်အထိနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်ရှိ နေကြာခင်းများတွင် စာကလေးငှက်နှင့်ကြက်တူရွေးငှက်များ ဝင်ရောက် စားသောက်ခြင်းများကြောင့် နေကြာစေ့အထွက်နှုန်းလျော့နည်း
Jun 15,2022
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်တွင် နေကြာစိုက်ပျိုးသည့်ကျေးရွာများဖြစ်သည့် လက်ပံခြေပေါ်ကျေးရွာအုပ်စု၊ အထက်ညဉ့်ကျေးရွာအုပ်စု၊ သူကောင်းတည်ကျေးရွာအုပ်စုတို့ရှိ နေကြာခင်းများတွင် စာကလေးငှက်အုပ်များနှင့်ကြက်တူရွေးငှက်များ၏ ဝင်ရောက်စားသောက်မှု များကြောင့် နေကြာပွင့်ခူးဆွတ်ချိန် အစေ့ထွက်နှုန်းကျဆင်းလျက်ရှိကြောင်း အထက်ညဉ့်ကျေးရွာမှ နေကြာစိုက်တောင်သူ ဦးအေးကိုက ပြောကြားသည်။