သတင်းများ

မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၄၄ ဒဿမ ၄၇ ရာခိုင်နှုန်းနှင့် ဂုဏ်ထူးရှင် (၃၄၈)ဦး ထွက်ရှိ
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် (၆)နာရီက ထုတ်ပြန်ကြေညာခဲ့ရာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ အောင်ချက်ရာခိုင်နှုန်း ၄၄ ဒဿမ ၄၇ ရာခိုင်နှုန်းနှင့် ဂုဏ်ထူးရှင် (၃၄၈)ဦး ထွက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၃.၀၀) ရာခိုင်နှုန်း ချီဖွေမြို့နယ်၌ အောင်မြင်
Jun 17,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အ‌ခြေခံပညာအတက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၁ - ၂၀၂၂ ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၀၃) ဦး ဖြေဆိုထားရာ ဇွန်လ (၁၇)ရက်နေ့ တက္ကသိုလ်စာမေးပွဲ အောင်စာရင်းတွင် အောင်မြင်သူ (၃၄) ဦးရှိကြောင်း သိရှိရသည်။
မလှိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်
Jun 17,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် ယနေ့နံနက်(၆)နာရီအချိန်မှ စတင်၍ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာ ရင်းများ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 17,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများနှင့် Book Clubအဖွဲ့ဝင်များ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
လင်းခေးမြို့နယ်ရှိ အထက(လင်းခေး)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရှိ အထက(လင်းခေး)တွင် ယနေ့နက် နံနက်၆ နာရီက ၂၀၂၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန် ကြေညာခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၂၉.၃၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါနှင့် တိုင်းရင်းဆေးပညာ အသိပညာပေး Talk Show ပြုလုပ်
Jun 17,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်နေ ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရေးအတွက် အစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း စီစဉ်ပြုလုပ်သည့် “သွေးလွန်တုပ်ကွေးရောဂါနှင့် တိုင်းရင်းဆေးပညာ” အကြောင်း အသိပညာပေး Talk Show ကို ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန( Community Center) ခန်းမတွင် ပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၄၅.၇၂) ရာခိုင်နှုန်းရှိ
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီ အချိန်တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၄၅.၇၂%) ရှိကြောင်း သိရသည်။
အမာမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မြို့မ(၁) ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ် ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လံဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။