သတင်းများ

ကျောင်းကုန်းမြို့နယ်မှ ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး၏ ရင်တွင်းစကားသံများ
Jun 17,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှ (၅)ဘာသာဂုဏ်ထူး ရရှိခဲ့သ (၂)ဦး၏ ရင်တွင်းစကားသံကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်အောင်စာရင်း ယနေ့ နံနက်၌ ထုတ်ပြန်ကြေညာရာတွင် သာကေတမြို့နယ်၌ (၄၃.၂၆) ရာခိုင်နှုန်း အောင်မြင်
Jun 17,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ (၃၀) ရက်နေ့က ကျင်းပပြုလုပ် ခဲ့သည့် တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းကို စာစစ်ဌာန (၂) ခုတွင် ယနေ့ နံနက် (၆) နာရီ ၌ သက်ဆိုင်ရာစာစစ်ဌာနတွင် ထုတ်ပြန် ကြေညာလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း (၅၉.၅၇)ဖြင့် မွန်ပြည်နယ်တွင် တတိယရရှိ
Jun 17,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၁၇ ရက်နေ့ နံနက်က စတင်ကြေညာခဲ့ပြီးဖြစ်ရာ ချောင်းဆုံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲကို (၅၉.၅၇)ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ်တွင် တတိယနေရာရရှိခဲ့ကြောင်းသိရသည်။
တာမွေမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လေး များအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစွာ သွားလာတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ယာဉ်ထိန်းတပ်ဖွဲ့စု (၂၅)မှ ဒုရဲမှူး အေးသန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကိုယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jun 17,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့မွန်းလွဲ(၁)နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်မြို့တွင် အခြေခံ ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jun 17,2022
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်( ၁၁)နာရီက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။