သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးစာအုပ်ပြပွဲဆောင်ရွက်
Jun 17,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ လူထု အခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၁)နာရီ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး စာအုပ်၊ စာစောင်ပြပွဲ ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တောင်သူများအား ယူရီးယားမြေဩဇာ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်းဆွေးနွေး
Jun 17,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တောင်သူများအား ယူရီးယာမြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့်ဖြန့်ဖြူးရောင်းချနိုင်ရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ညောင်ရွှေမြို့နယ်မှ အောင်မြင်သူ (၆၁၉)ဦး ရာခိုင်နှုန်းအားဖြင့် (၃၈.၂၈)ရာခိုင်နှုန်းရှိ
Jun 17,2022
၂၀၂၂-ခုနှစ် မတ်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှ စာစစ်ဌာန(၁၁)ခုတွင် ကျောင်းသားကျောင်းသူပေါင်း (၁၆၁၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဇွန်(၁၇)ရက်နေ့တွင် ထုတ်ပြန်သည့် အောင်စာရင်းအရ ဖြေဆိုအောင်မြင်သူပေါင်း (၆၁၉) ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် (၃၈.၂၈)ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။
မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး
Jun 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ စာဖတ်သည့် အလေ့အထရရှိစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် အသိဉာဏ်ပညာကြီးမားကာ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မအားလပ်သဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် လက်ဝယ်အရောက် စာအုပ်၊စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ အပတ်စဉ်ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ဝမ်ကတ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေး
Jun 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှါးရမ်း‌ပေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ (နေပြည်တော်) တွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်
Jun 17,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့(နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ချီးမြှင့်သည်။
သနပ်ပင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က သူဌေးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။