သတင်းများ

ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေဖတ်ရှုနိုင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေး
Jun 17,2022
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုနိုင်ရန်အတွက် ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂၇)၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား Sinopharm ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး
Jun 17,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား၊ သူများအား Sinopharm ကာကွယ်ဆေးများကို (ပထမအကြိမ်)အဖြစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၁:၃၀တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 17,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တောင်ကြီးမြို့နယ်မှ အောင်မြင်သူ (၁၃၉၁)ဦး ရှိသဖြင့် (၄၀.၇၈)ရာခိုင်နှုန်းအောင်မြင်
Jun 17,2022
၂၀၂၂-ခုနှစ် မတ်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှ စာစစ်ဌာန(၁၅)ခုတွင် ကျောင်းသားကျောင်းသူပေါင်း (၃၄၁၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ယနေ့တွင် ထုတ်ပြန်သည့် အောင်စာရင်းအရ ဖြေဆိုအောင်မြင်သူပေါင်း (၁၃၉၁) ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် (၄၀.၇၈)ရာခိုင်နှုန်းအောင်မြင်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန(Community Centre) ၌ “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ
Jun 17,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအားလူမှုရေးပင်စင်များထောက်ပံ့
Jun 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ညောင်လေးပင်မြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင် ​ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ညောင်လေးပင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ၄၈.၃၅ ရာခိုင်နှုန်း အောင်မြင်
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်းကို ယနေ့နံနက် (၆)နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတို့၌ ထုတ်ပြန်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စိတ်အေးချမ်းသာစွာ ကြည့်ရှုလျက်ရှိသည်။