သတင်းများ

ကလိန်အောင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  Grade-9 ကျောင်းသားကျောင်းသူများ နှစ်ဆုံးစာမေးပွဲ ဖြေဆိုပြီးစီး
Mar 01,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်တွင် ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက်  အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်ဖြေဆိုခဲ့သည်။
ငဖဲမြို့နယ် ငရံ့ချောင်းကျေးရွာမှ နွားကောင်ရေ (၃၂၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများ ဖျန်းပေး
Mar 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူ များမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ငရံ့ချောင်းကျေးရွာသို့ သွားရောက်၍ နွားကောင်ရေ (၃၂၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-9 နှစ်ဆုံးစာမေးပွဲများ ဖြေဆိုပြီးစီး
Mar 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ Grade-9 နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက်ပိုင်းက ဖြေဆိုပြီးစီးကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက် အစည်းအဝေးပြုလုပ်
Mar 01,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကရင်စာပေနှင့်ယဉ်ကျေးမှုအား ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှုမပျောက်ကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင်ယနေ့ နံနက်( ၁၀)နာရီချိန်က ကျင်းပပြုလုပ်သည်။
မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ (သဒ္ဒါ) အခမဲ့သင်တန်းဖွင့်လှစ်
Mar 01,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ (သဒ္ဒါ) အခမဲ့သင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများအချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အင်္ဂလိပ်စာဘာသာရပ်၌ အခြေခံကျသည့်(သဒ္ဒါ)ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ရေးနိုင်၊ ဖတ်နိုင်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၇ ရက်က မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
ပန်းတနော်မြို့နယ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေး
Mar 01,2023
အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မရမ်းကျေးရွာ ကိုးနဝင်းကျောင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်း တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း ဆေးကုသပေးနေမှုအခြေအနေအနေအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Mar 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက တိုက်နယ်ဆေးရုံနှင့် အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။