သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တွေ့ဆုံပွဲကျင်းပ
Mar 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများတွေ့ဆုံပွဲကို ယနေ့နံနက် (၁၀) နာရီက ဧရာသီရိသုခအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ချောက်မြို့မ​စျေး၌ မီး​ဘေးလုံခြုံ​ရေး ကြိုတင်ကာကွယ်​ရေး လက်​တွေ့မီးငြှိမ်းသတ် သရုပ်ပြ
Mar 01,2023
မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်​၊ ချောက်မြို့နယ် မြို့မဈေး၌ မီးဘေးလုံခြုံ​ရေးကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်​ရေး လက်​တွေ့သရုပ်ပြမှုကို ယနေ့ နံနက် ၉ နာရီက အဆိုပါမြို့မ​ဈေး​​​ရှေ့တွင် ကျင်းပသည်။
ထန်းတပင်မြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်
Mar 01,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများရှိစေရေးနှင့် စာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးထိုးနှံ
Mar 01,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁ ရက်နေ့မှစတင်ကာ ဘီးလင်းမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စာရင်းကိုင်နှင့်ရုံးလုပ်ငန်းဆိုင်ရာသင်တန်းဖွင့်လှစ်
Mar 01,2023
သံဖြူဇရပ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ ရုံးဝန်ထမ်းများ စာရင်းဇယားဆိုင်ရာ အချက်အလက်များ လုပ်ကိုင်ရာတွင် မှားယွင်းမှုမရှိစေရန် ရည်ရွယ်၍  စာရင်းကိုင်နှင့် ရုံးလုပ်ငန်းဆိုင်ရာ သင်တန်းကို ယနေ့ နံနက် (၁၀)အချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ
Mar 01,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများနှင့် ပူးပေါင်း၍ စာရေးဆရာကောင်းပြည့်သော်၏ “လူငယ်တို့ရဲ့ခမ်းနားသော ပစ္စုပ္ပန် တောက်ပသော အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံပိုလျှံရေး ပန်းတိုင်အထွက်နှုန်းရရှိစေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Mar 01,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေးခမ်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံပိုလျှံရေး ပန်းတိုက်အထွက်နှုန်း ရရှိစေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်ရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေး
Mar 01,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်ရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ကစတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။