သတင်းများ

သဲကုန်းမြို့၌ တောင်သူလယ်သမားနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်
Mar 01,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍  တောင်သူလယ်သမားနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နေ့လယ်၁နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုက်မရောမြို့နယ်တွင် အသက်တစ်နှစ်အောက်ကလေးများအား လစဉ်ပုံမှန်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်
Mar 01,2023
ကျိုက်မရောမြို့နယ်အတွင်းရှိ မွေးကင်းစမှ တစ်နှစ်အောက် ကလေးငယ်များအားလုံး ကျန်းမာ ပျော်ရွင်စွာ ကြီးပြင်းလာစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက လစဉ်မွေးကင်းစအရွယ်မှစတင်၍ အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။
မာန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အဋ္ဌမတန်း(Grade- 9) ကျောင်းသား/သူများ၏နှစ်ဆုံး စာမေးပွဲအောင်မြင်စွာဖြေဆိုပြီးစီး
Mar 01,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် အဋ္ဌမတန်း(Grade- 9) ကျောင်းသား/ သူများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်ကစတင်၍ သက် ဆိုင်ရာ စာစစ်ဌာနအလိုက် ကျင်းပခဲ့ရာ ယနေ့နံနက် ၁၁ နာရီချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။
ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနည်း(၅)မျိုး ဖွင့်လှစ်သင်ကြားမည်
Mar 01,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဋ္ဌာန၊ ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ အခြေခံအားကစားနည်းစနစ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နွေရာသီကျောင်းပိတ်ရက်များ၌လည်း အားကစားနည်း(၅)မျိုးကို ဖွင့်လှစ်သင်းကြားပေးသွားမည်ဟု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဋ္ဌာနမှ သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တွေ့ဆုံပွဲကျင်းပ
Mar 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။
မလှိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပြီးစီး
Mar 01,2023
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ ဘွားများအား တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က အဖိုးအဖွား (၁၂၃၆)ဦး တို့အား ထောက်ပံ့ ပြီးစီးခဲ့ကြောင်း သိရ သည်။
မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန၌ စစ်တုရင်ပြိုင်ပွဲကျင်းပ
Mar 01,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နေ့လယ်(၂) နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လဟယ်မြို့တွင် အသက်(၂)လမှ(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့်ကို ယ်၀န်ဆောင် မိခင်များ အားပုံမှန်ဂါကာကွယ်ဆေးများထိုးနှံ
Mar 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစ(၂)လမှ အသက် (၁)နှစ်ခွဲအောက်ကလေးသူငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးများထိုး နှံခြင်းကို ယနေ့နံနက်(၉)နာရီမှစတင်၍ လဟယ်မြို့မိခင်နှင့် က‌လေးကျန်းမာရေး ဌာနရုံး၌ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။