သတင်းများ

ပဲခူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်
Mar 01,2023
ပဲခူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ကလေးမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Mar 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစား သောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ် ရပ်ကွက်၊ ဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းဆုံ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ကျောက်တော်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန(၃)ခုတွင်ကျောင်းသား/သူ (၁၉၈၁)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 01,2023
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၁၉၈၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ 
ကန့်ဘလူမြို့နယ်၌ အသက် ၂ နှစ် အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာ ကွယ်ဆေး ထိုးနှံတိုက်ကျွေး
Mar 01,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရေးအတွက် မြို့ပေါ်ရပ်ကွက်များမှ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို မတ် ၁ ရက် နံနက် ၉ နာရီက မိခင် နှင့်ကလေးကျန်းမာရေး ဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 01,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျွန်းလှမြို့နယ်၌ ဆောင်းနေကြာ အထွက်တိုးစံပြကွက် စိုက်ခင်းများ ကွင်းဆင်းစစ်ဆေး
Mar 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဦးနိုင်၏ ဆောင်းနေကြာ အထွက်တိုးစံပြကွက် (၅) ဧကတွင် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျိုက်ထိုမြို့နယ်၌ မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်စိုက်ခင်းအား ထည်ထိုးမြေ မြုပ်ပေး
Mar 01,2023
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းဒေသသီးနှံ စိုက်ပျိုးလျှက်ရှိသည့် တောင်သူများ၏ လယ်ယာ‌မြေအထွက်တိုးနှုန်း တိုးတက်မြင့်မားလာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံများ အနီးကပ်ကူညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုများ (အခမဲ့)ပြုပြင်ပေး
Mar 01,2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် ခြေအင်္ဂါချို့ယွင်းပြီး ခြေတုတပ်ဆင်ထားသူများ၏ ပျက်စီးနေသော ခြေတုများ ပြုပြင်ပေးခြင်းနှင့် အသစ်များ ပြန်လည်ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉နာရီက ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ပြုပြင်တပ်ဆင်ပေးလျှက်ရှိကြောင်း သိရသည်။