နမ့်စန်တွင် ဆတိုးဆုတောင်းပြည့် စေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပမည်
Mar 02,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မူလဆတိုး စေတီတော်မြတ်ကြီးကို လိုဏ်အတွင်းထည့်သွင်း၍ ရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီးအား အထက်ဌာပနာသွင်းလှူခြင်းနှင့် ရတနာရွှေထီးတော် စိန်ဖူးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော် မင်္ဂလာအခမ်းအနားများကို မတ်လ(၅)ရက် (တပေါင်းလပြည့်နေ့)တွင် အဆိုပါဆတိုး ဆုတောင်းပြည့် ဘုရားဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။