၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာ(အထက်တန်းနှင့်အလယ်တန်း) ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်လှစ်
Mar 21,2023
ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းခရိုင်တွင် သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့်အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များ အသုံးချပုံများကိုသိရှိစေရန်၊ ကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရန်၊ အခြေခံပညာအထက်တန်းအဆင့် /အလယ်တန်း အဆင့် ဆရာ/ဆရာမများ၏ အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ၂၁.၃.၂၀၂၃ ရက်နေ့ နံနက် ၈:၃၀ အချိန်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာ (အထက်တန်းနှင့်အလယ်တန်း)ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်လှစ်ခဲ့ကြောင်း သိရသည်။