သတင်းများ

လိပ်သိုမြို့တွင် တောင်ပေါ်ကွမ်းကြမ်းများ အထွက်နှုန်းတိုးမြင့်လာစေရေး စိုက်ပျိုးမှုပုံစံ ပြောင်းလဲစိုက်ပျိုး
Mar 21,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် တောင်ပေါ်ကွမ်းကြမ်းများ အထွက်နှုန်းကောင်းမွန်စေရေးအတွက် ဒေသရိုးရာ စိုက်ပျိုးနေမှုမှ ပုံစံပြောင်းလဲ စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေး ဆွေးနွေး
Mar 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒေးဒရဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Mar 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
 ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 21,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က တောင်ဘက်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Mar 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကလေးများဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ပူတာအို၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့်ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 21,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် (ခရိုင်အဆင့်) ဆွေးနွေးပွဲကို မတ်(၂၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ကွတ်ခိုင်မူလတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Mar 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာက ပွဲနှင့် ကျောင်းဆင်းလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကို အဆိုပါကျောင်း၌ ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။
မြို့သစ်မြို့နယ် ဂွေးကုန်းကျေးရွာစပျစ်ခြံမှ စပျစ်ပင်များ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
Mar 21,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဂွေးကုန်းကျေးရွာတွင် စပျစ်ပင်များစမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အသီးထွက်နှုန်းကောင်းမွန်ကာ ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာရောင်းရသဖြင့် စပျစ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။