သတင်းများ

မိုင်းဆတ်မြို့၌ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ယနေ့မွန်းတည့်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
Mar 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများပုံမှန်ထုတ်ပေး
Mar 21,2023
နိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏သက်ပြည့်ပင်စင်နှင့် လုပ်သက်ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး သနပ်ပင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်(၇)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိပြီး ကျန်ရက်များတွင်လည်း ဘဏ်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။
ချောက်မြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ စတင်ထုတ်ပေး
Mar 21,2023
မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့မှစ၍ နံနက် ၅ နာရီမှ မွန်းလွဲ ၂ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ နွေရာသီကာလ သောက်သုံးရေများလှူဒါန်း
Mar 21,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်ကြီး ၄ ရပ်အား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ပြည်သူအကျိုးပြုလုပ်ငန်းစဉ်တွင် တစ်ခု အပါအဝင်ဖြစ်သော သောက်သုံးရေလှူဒါန်းခြင်းလုပ်ငန်းများကိုလည်း နှစ်စဥ်လှူဒါန်းဆောင်ရွက်ပေးလျက်ရှိသည်။
သဲကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး
Mar 21,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့်  နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
သနပ်ပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး
Mar 21,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် သနပ်ပင်မြို့နယ်တွင်  အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည့်ရောဂါများအား အခမဲ့စမ်းသပ်ကုသပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီနားမြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်း(၄)ခုတို့မှ မူလနေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ၊ ဆီ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့
Mar 21,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း(၄)ခုမှ မူလနေရပ်ကျေးရွာ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြမည့် အိမ်ထောင်စုများ အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  မတ် ၂၁ ရက် နံနက် ၇ နာရီခွဲက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။