သတင်းများ

မက်မန်းမြို့၊ ကွန်းဟောင်းကျေးရွာ၌ လားဟူနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့မှ ပထမအကြိမ်ဓမ္မသဘင်ပွဲနှင့် သင်းလုံးကျွတ်အစည်းအဝေး ကျင်းပ
Mar 21,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်းဟောင်းကျေးရွာ၌ မော်ဖမက်မန်း၊ လားဟူနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် ဓမ္မသဘင်ပွဲနှင့် သင်းလုံးကျွတ်အစည်းအဝေးအား မတ်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြပွဲ ၊ ပြိုင်ပွဲများကျင်းပနိုင်ရေးအကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 21,2023
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြပွဲ ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက ကျင်းပကြောင်းသိရသည်။
မုဒုံမြို့၌ မြစိမ်းရောင်စီမံကိန်း နေကြာ(ဆီထွက်သီးနှံ)လုပ်ငန်းများစစ်ဆေး
Mar 21,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဘလောက်ညောင်ဝိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)မှ အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် နေကြာဆီထွက်သီးနှံများ ထုတ်လုပ်မှုအခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
 ရွှေကျင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
Mar 21,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club) စာအုပ်စာစာင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆောင်ရွက်
Mar 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားထားသည့် အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ယနေ့မွန်းတည့်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
Mar 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများပုံမှန်ထုတ်ပေး
Mar 21,2023
နိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏သက်ပြည့်ပင်စင်နှင့် လုပ်သက်ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး သနပ်ပင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်(၇)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိပြီး ကျန်ရက်များတွင်လည်း ဘဏ်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။