သတင်းများ

ကြို့ပင်ကောက်မြို့တွင် နွေစပါးလျာထားဧက ၇၅၆၃ ဧကထက် ကျော်လွန်စိုက်ပျိုးသွားမည်
Mar 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဥက္ကံကျေးရွာအုပ်စု တောင်သူ ဦးကြည်ဝင်း၏လယ် ၇ ဧကတွင် ရက် ၉၀ နွေစပါး အစေ့ချစိုက်ပျိုးနေမှုအား သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ညှိအဖွဲ့တာဝန်ရှိသူများက ယနေ့သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မိုင်းယန်ခရိုင်/ မိုင်းယန်းမြို့နယ်၌ မီးဘေးလုံခြုံရေးဆိုင်ရာသတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Mar 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒေသအတွင်း မီးလောင်မှုများမဖြစ်ပေါ်စေရေးနှင့် တည်းခိုခန်းများမီးဘေးလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်နှင့်အညီ လိုက်နာမှု ရှိ/ မရှိ  အခြေအနေများကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန တောကြပ်များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဖွင့်ပွဲအခမ်း အနားတက်ရောက်
Mar 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တောကြပ်များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဖွင့်ပွဲအခမ်းနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဖား​ဆောင်းမြို့နယ် ​​​​​​​​​​​​နန်းဟူးကုန်းကျေးရွာ၌ ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်
Mar 21,2023
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ်သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်စေတနာ့ဝန်ထမ်းများက ယ​နေ့နံနက်(၈)နာရီက နန်းဟူးကုန်း​ကျေးရွာ၌ အသိပညာ​ပေးနှိုး​ဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ခရိုင်အဆင့် အထက်တန်း/အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည် မွမ်းမံသင်တန်းဖွင့်လှစ်
Mar 21,2023
ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော အထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ၊ဆရာမများအား သင်ကြားမှုစွမ်းရည်ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က အထက်တန်းအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်သင်တန်းအား အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
၂၀၂၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်
Mar 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအား ကော်မတီများ ဖွဲ့စည်းတာဝန်ပေး အပ်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပေါင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Mar 21,2023
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၇ နာရီမှ   နေ့လယ် ၂ နာရီထိ  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
Mar 21,2023
မသန်စွမ်းသူများနှင့်မသန်စွမ်းသူများ၏ မိသားစုဝင်များအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာများရရှိခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းများတိုးတက်ပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် လူနေမှုဘဝတိုးတက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကိုဖွင့်လှစ်ပေးခဲ့သည်။