ရေနံချောင်းမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ စတင်ဖြေဆို
Mar 21,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို ၁၃၈၄ ခုနှစ် တန်ခူးလဆန်း ၁ ရက်(၂၀၂၃ ခုနှစ် မတ် ၂၁ ရက်) ယနေ့မွန်းတည့် ၁၂ နာရီက ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက်ရုံးရပ်ရှိ သဒ္ဓသုခီရာပြည့်သာသနာ့ဗိမာန်တော်ကြီး၌ စတင်ကျင်းပလျက်ရှိသည်။