သတင်းများ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Mar 21,2023
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ကျင်းပခဲ့သည်။
အမ်းမြို့နယ် တပ်တောင်မြို့၌ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Mar 21,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ်တောင်မြို့တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ဈေးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများ၊ စျေးရောင်းချနေသူများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲစတင်ဖြေဆို
Mar 21,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယ စာမေးပွဲကို ပထမနေ့အဖြစ် ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီအထိ ကျင်းပလျက်ရှိကြောင်းသိရသည်။
ဇီးကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
Mar 21,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့က စီစဉ်ဆောင်ရွက်ခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် အခြေခံပညာအထက်ဆင့်၊ လယ်ဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 21,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အခြေခံပညာအထက်တန်း အဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း (၁)နာရီက နမ့်ဆန်မြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေဖီဦးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Mar 21,2023
မွန်ပြည်နယ်၊ မော်မြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ်၌ က​လေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌  ကျင်းပပြုလုပ်သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲများ စတင်ကျင်းပ
Mar 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို၊ မတ်လ(၂၁)ရက်နေ့ မွန်းတည့်(၁၂)နာရီက၊ ဘူတာရပ်ကွက်ရှိ သာသနာ့ဗိမာန်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Mar 21,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယနေ့နေ့လယ် ၁၂ နာရီက စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။