သတင်းများ

အမ်းမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအသိပညာပေးဟော ပြောပွဲကျင်းပ
Mar 21,2023
ရခိုင်ပြည်နယ် အမ်းမြို့၌ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက  အထွေထွေအုပ်ချုပ်ရေဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ပထမအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Mar 21,2023
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ဝန်ထမ်းသားသမီးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အောက်ပစ္စယာ အနောက်မြောက်ဘက်ရှိ မဟာဗုဒ္ဓဝင်ပြခန်းတွင် ကျင်းပသည်။
ကျောက်ဖြူမြို့၌ ရေငန်ပုစွန်သားဖောက်ခြင်းနည်းပညာသင်တန်း ဖွင့်ပွဲပြုလုပ်
Mar 21,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရေငန်ပုစွန်သားဖောက်ခြင်းနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်ဖြူရေငန်ပုစွန်သားဖောက်စခန်းရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရေငန်ပုစွန်သားဖောက်စခန်းမှ စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
ပွင့်ဖြူမြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 21,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တာဝန်ရှိသူများအဖွဲ့က လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မန့်ဟီးရိုးမြို့တွင် ကန်စွန်းရွက်ကို မိသားစုစားသုံးရန်အပြင် လက်လီလက်ကားရောင်းချရန်အတွက် စိုက်ပျိုး
Mar 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ဒေသထွက်ရာသီတို ဟင်းသီးဟင်းရွက်ဖြစ်သော ကန်စွန်းရွက်ကို မိသားစုစားသုံးရန်အပြင် အခြားမြို့နယ်ဈေးများသို့ လက်လီလက်ကား တင်ပို့ရောင်းချရန်အတွက် တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။
မတ္တရာမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချ
Mar 21,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို ယနေ့နံနက် ၉ နာရီမှစ၍ အ.ထ.က (မတ္တရာ)နှင့် မတ္တရာ(မြို့သစ်)တို့တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
လွိုင်ကော်မြို့၌ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေး ကျင်းပ
Mar 21,2023
ကယားပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို လွိုင်ကော်မြို့၌ ယနေ့နံနက် ၉ နာရီအချိန်က ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။