ဘိုကလေးမြို့နယ်၏ သောက်သုံးရေကန် မဟာသီလဝံကန်တော်ကြီး သန့်ရှင်းမှုအတွက် ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်
Mar 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက သောက်ရေကန်အဖြစ် မြို့နေလူထုမှ အားကိုးအားထားပြုလာခဲ့သည့် ကန်ဘောင်ပတ်လည် ပေ(၄၂၀၀)ကျော်တည်ရှိသော ဘိုကလေးမြို့၏ပြယုဂ် မဟာသီလဝံ ကန်တော်ကြီးသည် ပြောင်းလဲလာသည့် ရာသီဉတုနှင့် ဝိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် သောက်ရေကန်ကြီးအတွင်း အမှိုက်သရိုက်များတည်ရှိနေခြင်း၊ ကန်ဘောင်ပတ်လည်တွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေမှုများ ရှိနေသည့်အတွက် မြို့နေလူထုအတွက် သောက်သုံးရေ သန့်ရှင်းစွာ သောက်သုံးနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပေသည်။