Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ
Mar 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃) မိုင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ခရိုင်အဆင့် အခြေခံပညာ အထက်တန်းဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က (၃) မိုင်ကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ "လူဆိုသည်မှာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Mar 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေခရီးသွားများ၏အထူးအစီအစဉ်အဖြစ် လူငယ်စာရေးဆရာများ ပါဝင်ရေးသားထားသည့် "လူဆိုသည်မှာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲမြို့ ပြည်သူ့ဆေးရုံ၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Booster Dose)အပိုဆောင်း တတိယအကြိမ် ဆက်လက်ထိုးနှံပေး
Mar 22,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ပြည်သူ့ဆေးရုံ၊ အစည်းအစေးခန်းမ၌ ဘောလခဲခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့နေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Booster Dose)အပိုဆောင်း တတိယအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)အချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
(၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများကျင်းပ
Mar 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဥာဏ်စမ်း ပဟေဠိပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၂ နာရီတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး
Mar 22,2023
ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား (၃/၂၀၂၃) လအတွက် ပင်စင်လစာငွေ ပုံမှန်ထုတ်ပေး
Mar 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ၂၀၂၃ ခုနှစ်၊ မတ်လအတွက် ပင်စင်လစာငွေများကို ယနေ့ နံနက် ၉နာရီမှ နေ့လည် ၂ နာရီအထိ ပုံမှန်ထုတ်ပေးခဲ့ရာ ယနေ့တစ်နေ့တာ အတွက် အငြိမ်းစား(၈၀)ဦးတို့အား ပင်စင်လစာငွေကျပ်(၁၂၆၄၆၅၅၃/၃၈)တိတိကို ထုတ်ပေးနိုင်ခဲ့ပြီး၊ ယခုလတွင်ပင်စင်လစာ ထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းဦးရေ (၄၅၁)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၃၃)ဦးတို့၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Mar 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီခွဲအချိန် ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဌိပထမပြန်စာမေးပွဲ(ပထမနေ့)ကျင်းပ
Mar 22,2023
ကျိုက်ထိုမြို့ယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနမှ ပြုလုပ်သော အစိုးရဓမ္မာစရိယနှင့် ပါဌိပထမပြန် စာမေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12283
Page
12284
Page
12285
Page
12286
Current page
12287
Page
12288
Page
12289
Page
12290
Page
12291
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department