သတင်းများ

မုဒုံမြို့၌ (၁၃)ကြိမ်မြောက် အစိုးရဓမ္မာစရိယစာမေးပွဲစတင်ဖြေဆို
Mar 22,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၁၃)ကြိမ်မြောက် အစိုးရဓမ္မာစရိယ စာမေးပွဲကို ယနေ့နေ့လယ် ၁ နာရီက မြို့မ(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
သရက်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံး ရေးသားနည်း သင်တန်းဖွင့်လှစ်မည်
Mar 22,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍  စာစီစာကုံး ရေးသားနည်းသင်တန်းကို ၂၀၂၃ခုနှစ် ဧပြီ(၁) ရက်မှ (၇)ရက်နေ့အထိ နံနက်(၈)နာရီမှ (၁၀)နာရီထိ Grade-6 မှ Grade-10 ထိ သင်တန်းသား/ သင်တန်းသူ (၄၅) ဦးဖြင့်
ညောင်ဦးခရိုင်၌ အထက်တန်းအဆင့်ဘာသာရပ်စွမ်းရည် မွမ်းမံသင်တန်းဖွင့်လှစ်
Mar 22,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်လှက် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်မှစတင်ပြီး ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)ရှိ ပန်းမျိုးတစ်ရာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ပင်စင်အငြိမ်းစား ၂၀၈ ဦးကို ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေးသွားမည်
Mar 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများကို ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင်လည်း ပင်စင်အငြိမ်းစားများမှ အေးချမ်းစွာလာရောက် ထုတ်ယူလျက်ရှိပြီး ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 22,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပညာရေးဌာနမှ ဦးဆောင်ကျင်းပသည့် အထက်တန်းအဆင့်၊  အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) တို့တွင် ကျင်းပပြု လုပ်ခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက် မတည်ငွေထုတ်ချေးပေးနိုင်ရေး စီမံကိန်းဆိုင်ရာ မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် စီမံကိန်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Mar 22,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးထုတ်လုပ်မည့် မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် စီမံကိန်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြောင်းဘွေကျေးရွာ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် မော်လမြိုင်ခရိုင်တွင် အခြေခံပညာအထက်တန်း/အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ
Mar 22,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊‌မော်လမြိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ လူရွေးချယ်ပွဲ ပြုလုပ်
Mar 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်(၁)ရပ်ကွက် အားကစားကွင်း၌ ၂၀၂၃ ခုနှစ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ လူရွေး ချယ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။