မိုင်းဖြတ်မြို့နယ်၌ (Mobile Phone)ဖြင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများနွေရာသီကျောင်းပိတ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ စာပေချစ်မြတ်နိုးသူများအဖွဲ့တို့မှ(အခမဲ့) ပူးပေါင်းဖွင့်လှစ်သည့် (Mobile Phone)ဖြင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ဧပြီလ ၁၀ရက်၊ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြောင်းသိရသည်။