ရန်ကင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ
Apr 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဧပြီလ ၇ ရက်နေ့၊ နံနက်ပိုင်းမှစ၍ ရန်ကင်းမြို့နယ် အမှတ်(၂) ရပ်ကွက် ရန်အောင်လမ်းသွယ်(၆)လမ်းတွင် ရန်ကင်းပိတောက် ရေကစား မဏ္ဍပ်အား စတင်ဆောက်လုပ်ခြင်း၊ ရေကစားရန်အတွက် ရေစုကန်များစီစဉ်ခြင်း၊ အန္တရာယ်ရှိနိုင်သည့် လျှပ်စစ်မီးကြိုးများမြှင့်တင်ခြင်း၊ Wifi ကြိုးများရှင်းလင်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။