သတင်းများ

နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာတွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ စာမေးပွဲဖြေဆို
Apr 12,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာ ကံဦးဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာစာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ဖြေဆိုလျက်ရှိသည်။
ငဖဲမြို့၌ (၇၁)ကြိမ်မြောက် သင်္ကြန်တွင်း မိုးကုတ်ဝိပဿနာခုနှစ်ရက်တရားစခန်းပွဲကျင်းပ
Apr 12,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၁၀၇)၊ မင်္ဂလာမဂ္ဂင်ဓမ္မာရုံတွင် (၇၁)ကြိမ်မြောက် မိုးကုတ်ဝိပဿနာနိဗ္ဗာန်ဝင်လမ်းခုနှစ်ရက်တရားစခန်းပွဲကို ယမန်နေ့နံနက် ၅ နာရီမှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Apr 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဖေါင်းကန်ရပ်ကွက် အောင်မြသိန်းတန်စေတီတော်ပရိဝုဏ်အတွင်းရှိ ဓမ္မသုခရိပ်သာတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ် လူရုပ်တောင်ပေါ်၌ မြို့နယ် မီးသတ်တပ်ဖွဲ့မှရေလှူဒါန်းခြင်းနှင့် ဌာနစုပေါင်း သန့်ရှင်းရေးဆောင်ရွက်
Apr 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လူရုပ်တောင်ပေါ်၌ ခရီးသွားနိုင်ငံခြားသားများ ဆွဲဆောင်နိုင်ရေးနှင့် ဘုရားဝန်းအင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့မှရေလှူဒါန်းခြင်းနှင့် ဌာနစုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်ကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မောက်မယ်မြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာနှင့် ရှမ်းတိုင်းရင်းသားစာပေသင်ကြားရေး သင်တန်းဖွင့်လှစ်
Apr 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းဆွမ်းစားဆောင်ခန်းမ၌ မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်၊ ကွန်ကျိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ အနာဂတ်ကျောင်းသားကျောင်းသူများအနေဖြင့် လိုက်နာရမည့် ပြည်သူ့ နီတိများကိုသိရှိကာ ယဉ်ကျေးသည့်သားကောင်းသမီးကောင်းမွန်များ ဖြစ်လာစေရန်နှင့်ရှမ်း တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းများနှင့်ရှမ်းတိုင်းရင်းသား စာပေများမပျောက်ပျက်စေရန်ရည်ရွယ်၍ ယမန်နေ့ည ၆ နာရီကရပ်ကွက်အတွင်းရှိ ကျောင်းသား/သူလူငယ်များအား နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းနှင့်ရှမ်းတိုင်းရင်းသားစာပေသင်ကြားရေးသင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ 
ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ငတိုးခင်ကျေးရွာ၌ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပြီးစီး
Apr 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ လျှပ်စစ်မှူးရုံးနှင့် ကျေးရွာ ပူးပေါင်း၍ ကညွတ်ကွင်းမြို့၊ ငတိုးခင်ကျေးရွာအုပ်စု၊ ငတိုးခင်ကျေးရွာ(ဗမာ)တွင် NEP Phase-II အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ ယမန်နေ့၊ ညနေ(၃)နာရီ အချိန်က စတင်ကာ လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် မီးလောင်မှုဖြစ်ပွား
Apr 12,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မောင်ငံရပ်ကွက် အောက်လမ်းမကြီး လောကနတ်ဓါတ်ပုံဆိုင် ဘေးအိမ်နောက်ဘေးရှိ ဓါတ်ပုံဘောင်ထားသည့်ဂိုထောင်တွင် ယနေ့နံနက် ၄ နာရီ မိနစ်၄၀ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက် မြိုက်စွာကျင်းပမည်
Apr 12,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၃ ခုနှစ် (မြန်မာသက္ကရာဇ်-၁၃၈၄ ခုနှစ်) မဟာသင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာများကျွေးမွေးခြင်း၊ ယိမ်းအကများ ဖျော်ဖြေခြင်းဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။