သံဖြူဇရပ်မြို့နယ်၊ သန္တိသုခကျောင်း၌ မဟာသင်္ကြန်အကြို ဆယ်ရက်တရားစခန်းဖွင့်လှစ်
Apr 12,2023
မြန်မာလူမျိူးတို့၏ နေ့ထူးရက်မြတ်ဖြစ်သော မဟာသင်္ကြန်ရက်အတွင်း အများပြည်သူ အလုပ်ပိတ်ရက်ရက်ရှည်ကာလတွင်တရားစခန်းများ၌ တရားဘာဝနာများ ဝိပသနာတရားများကို အေးချမ်းစွာကုသိုလ်ပြုတရား အားထုတ်လိုသည့် ယောဂီများအတွက် ဆယ်ရက်တရားစခန်း ဖြစ်သည့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အောင်ဇေယျရပ်ကွက် သန္တိသုခဘုန်းတော်ကြီးကျောင်းရှိ တရားစခန်းကို ဧပြီ ၈ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။