သတင်းများ

ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ရိုးရာနံ့သာသွေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Apr 12,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများကြီးမှူး၍ရခိုင်ရိုးရာ နံ့သာသွေးပွဲတော်ကို ယနေ့နံနက်(၉)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန် ဘုရားကြီးသိမ်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ အမှတ်(၁)ရပ်ကွက်ရှိ မင်္ဂလာကန်​တော်ကန်ပတ်လမ်းတွင် လမ်း​လျှောက်သင်္ကြန် ဖျော်ဖြေရေး/ရေကစားမဏ္ဍပ် ယိမ်းအကပြိုင်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့၊ နယ်မြေ ၁၂၊ မီးရထားလိုင်းခန်း၌ မီးလောင်မှုဖြစ်ပွား
Apr 12,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင် ၂ ရပ်ကွက်၊ သခင်မြလမ်း၊ နယ်မြေ(၁၂)၊ မီးရထားလိုင်းခန်း ၌ ယနေ့နံနက် ၁၀ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့သည်။
မြန်မာသက္ကရာဇ်(၁၃၈၄)ခုနှစ် မဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တစ်ပင်တိုင်အကပြိုင်ပွဲဖွင့်လှစ် ယိမ်းအဖွဲ့ ၂၇ ဖွဲ့၊ တစ်ပင်တိုင် ၁၁ ဖွဲ့ စုစုပေါင်းသင်္ကြန်ယိမ်းပျိုဖြူ ၅၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင်
Apr 12,2023
ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ယမန်နေ့ ညနေ ၅ နာရီခန့်က ယိမ်းအကနှင့်တစ်ပင်တိုင်အကပြိုင်ပွဲဖွင့်ပွဲကို အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း၊  မြို့မအားကစားကွင်းရှိ ဗဟိုမဏ္ဍပ်၌ကျင်းပရာ ယိမ်းအဖွဲ့ ၂၇ ဖွဲ့၊ တစ်ပင်တိုင်အက ၁၁ ဖွဲ့ မှ စုစုပေါင်းသင်္ကြန်ယိမ်းပျိုဖြူ ၅၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ဘုရားဖူးလာရောက် သူတစ်ရက်လျှင်လူဦးရေ  ရှစ်သောင်းကျော်လာရောက်ဖူးမြှော်
Apr 12,2023
ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် သင်္ကြန်တွင်း ရုံးပိတ်ရက် ကာလအတွင်းဘုရားဖူးလာရောက်သူတစ်ရက်လျှင် ရှစ်သောင်းကျော်လာရောက် ဖူးမြှော်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် စစ်ကိုင်းတောင်ရိုးဆွမ်းဦးပုညရှင်စေတီတော်ကြီး ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေးအတွက် စတုတ္ထအကြိမ်အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Apr 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေးအတွက် စတုတ္ထအကြိမ် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၁၂ ရက် နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း လက်ပွားဘုရားဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
သံဖြူဇရပ်မြို့နယ်၊ သန္တိသုခကျောင်း၌ မဟာသင်္ကြန်အကြို  ဆယ်ရက်တရားစခန်းဖွင့်လှစ်
Apr 12,2023
မြန်မာလူမျိူးတို့၏ နေ့ထူးရက်မြတ်ဖြစ်သော မဟာသင်္ကြန်ရက်အတွင်း အများပြည်သူ အလုပ်ပိတ်ရက်ရက်ရှည်ကာလတွင်တရားစခန်းများ၌ တရားဘာဝနာများ ဝိပသနာတရားများကို အေးချမ်းစွာကုသိုလ်ပြုတရား အားထုတ်လိုသည့် ယောဂီများအတွက် ဆယ်ရက်တရားစခန်း ဖြစ်သည့် မွန်​ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အောင်ဇေယျရပ်ကွက် သန္တိသုခဘုန်းတော်ကြီးကျောင်းရှိ တရားစခန်းကို ဧပြီ ၈ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့‌နယ် ကန်ရွာကျေးရွာတွင် ရာသီမရွေး သောက်သုံးရေဖူလုံစေရန် လေးလက်မစက်ရေတွင်း အောင်မြင်စွာ တူးဖော်ပြီးစီး
Apr 12,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ နှစ်စဉ်နွေရာသီကာလ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရ၍ ယခုနှစ်တွင် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအဖွဲ့က အလှူရှင်၏ပံ့ပိုးကူညီမှုဖြင့် လေးလက်မစက်ရေတွင်း တူးဖော်လှူဒါန်းပေးလျက်ရှိရာ ဧပြီ ၁၀ ရက်နေ့က အောင်မြင်စွာ တူးဖော်ပြီးစီးခဲ့၍ ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိပြီဖြစ်ကြောင်း အဆိုပါပရဟိတအဖွဲ့မှ အကျိုးတော်ဆောင်ဦးကျော်ဆန်းထံမှ သိရသည်။