သတင်းများ

မှော်ဘီမြို့နယ်၌  တူယှဉ်နွှဲပျော် မှော်ဘီသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ
Apr 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့သက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာအတာသင်္ကြန်ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို မှော်ဘီမြို့နယ် အမှတ်(၁)ရပ် ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
တမူးမြို့နယ်တွင် နေကြာမျိုးကောင်း မျိုးသန့်ရရှိရေး မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်
Apr 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တမူးခရိုင် မျိုးစေ့ဌာနခွဲ၏ ဆီထွက်သီးနှံ နေကြာမျိုးကောင်း မျိုးသန့်ရရှိရေးအတွက် ရင့်မှည့်ချိန်တွင် မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်(၈) နာရီအချိန်က တမူးမြို့နယ် ဟဲဇင်းကျေးရွာအုပ်စုရှိ တောင်သူဦး​မောင်ဝင်း၏ ကွင်းအမှတ်၂၅၃ ၊ ဦးပိုင်အမှတ်(၃၇)တွင် စိုက်ပျိုးထားသော ဆင်းရွှေကြာ- ၂ မျိုး ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်ကွက်(၁း၀၀) ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Apr 13,2023
ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြခရိုင် မြောင်းမြမြို့၌ ​၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့  မဟာသင်္ကြန်(ဗဟို)မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Apr 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်နှင့်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယခုနှစ်မဟာ သင်္ကြန်ကာလ၌ လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ဗဟိုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင် တက်ရောက် အမှာစကားပြောကြားကာဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 13,2023
၂၀၂၃-ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ(၁၆)ရက်‌နေ့အထိ ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် “အတာကူးရေတန်ခူးလေ” ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ် တာမွေလေးရပ်ကွက် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင် ဝင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများသာမက နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များကို လာရောက်စောင့်မျှော်အားပေးကြည့်ရှု ကြသူများ၊ ရေပက်ခံကားများ၊ အတာရေပက်ဖျန်းသူများ၊ စတုဒီသာအကျွေးအမွေး လှူဒါန်းကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။
ချောင်းကြီးရပ်ကွက်၊ လူကျားအကအဖွဲ့မှ တနင်္သာရီရိုးရာ ကရကျားအကဖြင့်အစဉ်အလာမပျက် လိုက်လံကပြကြ
Apr 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက် ကာလသားလူငယ်များအဖွဲ့မှဦးဆောင်သော ချောင်းကြီးရပ်ကွက် ကရကျားအကအဖွဲ့က ၂ဝ၂၃ ခုနှစ်၊ မဟာသင်္ကြန်အကြိုကာလ ယနေ့နံနက် ၇ နာရီမှစ၍ တနင်္သာရီရိုးရာ(လူ)ကရကျားအကဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းများအတိုင်း အစဉ်အလာမပျက် ကပြဖျော်ဖြေပေးကြောင်း သိရှိရသည်။
ကျိုင်းတောင်းမြို့၌ အတာသင်္ကြန်ပန်းများရောင်း၍ မိသားစုအပိုဝင်ငွေရရှိ
Apr 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ သင်္ကြန်ကာလတွင် နှစ်သစ် ကိုကြိုဆိုသောအားဖြင့် အိမ်တိုင်းအိမ်တိုင်းတွင် အတာအိုးများဖြင့် အတာသင်္ကြန် ပန်းများ ထည့်၍ ကြိုဆိုလျက်ရှိကြောင်းသိရသည်။