သတင်းများ

ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအတွက် နေအိမ်နှင့် ကူညီထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ ကျင်းပ
Feb 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ စံဖူးကျေးရွာတွင် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအတွက် နေအိမ်နှင့် ကူညီထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့နံနက် (၁၀)နာရီအချိန်က စံဖူးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  အသက်၄၀နှစ်ကျော် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Feb 14,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်၄၀နှစ်ကျော် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ၁၂ရက်နေ့ ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်(၂)၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများ တက်ရောက်ကြသည်။
ဘုတ်ပြင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆို
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက်က ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့များ ရေဖြူကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများနှင့်တွေ့ဆုံ
Feb 14,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ယမန်နေ့ မွန်းလွဲ(၁)နာရီက ရေဖြူဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတန်းတင်စာမေးပွဲများစတင်ဖြေဆို
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတန်းတင်စာမေးပွဲများကို ယမန်နေ့ နံနက်(၉)နာရီအချိန်မှစတင်၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့၌ ပြလို့ပေနက်အစမ်းတွင်း အမှတ်(၁)တွင်း တူးဖော်ရာတွင်ပါဝင်သည့် မြေနေရာ(၁၀.၄၁)ဧကအတွက် တောင်သူ(၇)ဦးအား မြေယာလျော်ကြေးပေးအပ်
Feb 14,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပြလို့ပေနက်အစမ်းတွင်း အမှတ်(၁)တွင်း တူးဖော်ရာတွင်ပါဝင်သည့် မြေနေရာ(၁၀.၄၁)ဧကအတွက် တောင်သူ(၇)ဦးအား မြေယာလျော်ကြေးပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပန်ဆောင်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်စာမေးပွဲစတင်ဖြေဆို
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအတန်းအလိုက် ကျောင်းတွင်းစစ် စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက်(၈) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။