သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၃၆)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှု
Feb 14,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ဖေဖော်ဝါရီ (၁၅)ရက်နေ့တွင် ကျင်းပမည့် (၃၆)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ခိုလမ်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များ၊ စျေးနှင့် လူစည်ကားရာနေရာများများတွင် ဖြန့်ဝေခဲ့ပါသည်။
မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) အဖိုး/အဖွားများကို အခမဲ့ဆေးကုသခြင်း ဆောင်ရွက်
Feb 14,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းပျဉ်းမြို့တွင် လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့၌ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Feb 14,2024
မလှိုင်မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီကကြီးမှူး၍ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မြို့နယ်မိခင်နှင့်ကလေးအသင်းပိုင် မူကြိုကျောင်းမှကလေးငယ်များ၏ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇေယျာအောင်သံ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဒေးဒရဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ အပတ်စဥ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၁၂)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များအား ပြင်ဆင်ဆောင်ရွက်
Feb 14,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များအား ပြုပြင်ဆောင်ရွက်ခြင်းကို ရွှေဟင်္သာကျွန်းကျေးရွာတွင် နေအိမ်((၆၇)လုံး၊ ညောင်ပင်သာကျေးရွာတွင် အိမ်(၃၃)လုံး၊ စုစုပေါင်း(၁၀၀)လုံးအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၄)သောင်းခွဲနှုန်းဖြင့် ထောက်ပံ့၍ ပြုပြင်ပေးခြင်းကို ယမန်နေ့နံနက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူအသိပညာပေး ဆွေးနွေးဟောပြောပွဲ ဆောင်ရွက်
Feb 14,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဇာမဏီကုမ္ပဏီနှင့် ပူးပေါင်း၍ တောင်သူအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ကသစ်ကန်ကျေးရွာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။