မွန်ပြည်နယ်၊ မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ဥပဒေအသိပညာပေး ဟောပြော
Feb 20,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မုဒုံမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းက ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပေး ဟောပြောပို့ချခြင်းကို ယနေ့နံနက်(၈)နာရီက မုဒုံမြို့၊ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ ပြည်နယ်ဥပဒေအရာရှိ၊ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေအရာရှိ၊ အမျိုးသမီးအိမ် တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် လက်ထောက်ညွန်ကြားရေးမှူး တက်ရောက်ခဲ့သည်။