ပေါက်ခေါင်းမြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်
Feb 21,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့်စိုက်ပျိုးရေးအခြေခံအချက်များနှင့် စိုက်နည်းစနစ်မှန်ကန်စွာစိုက်ပျိုးနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများက နွေစပါးစိုက်ကွင်းများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။