သတင်းများ

ကျောင်းကုန်းမြို့၌ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိုးလုံလေလုံအား ကစားခန်းမ၌ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် ၇ နာရီအချိန်ခန့်က ပင်စင်ထုတ်ပေးပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
မုဒုံမြို့၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်
Feb 22,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ငပုတောမြို့နယ်၌ မြို့နယ်အဆင့် အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုဝောာမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်မြို့နယ်အဆင့်  အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရာဇာစိုး၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းမြို့နယ်မီးသတ်ဦးစီးမှုး ဦးမင်းအောင်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 22,2024
စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၂၁)ရက်၊ နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၁ နာရီက အမှတ် (၆) ရပ်ကွက်ရှိ ပုဇွန်တောင်စျေး (B) ရုံအပေါ်ထပ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
တွန်းဇံမြို့၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပ
Feb 22,2024
ချင်းပြည်နယ်တွန်းဇံမြို့၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀-၂-၂၀၂၄ ရက်နေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပ
Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ပေါ်သို့ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Feb 22,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် အနီးဝန်းကျင်ဒေသများမှ လားရှိုးမြို့ပေါ်သို့ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။