သတင်းများ

ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများ၌ သက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး
Feb 27,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကိုယ်တိုင် စိုက်ပျိုး/မွေးမြူ ထုတ်လုပ်ရောင်းချသူများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ငဖဲမြို့ စည်ပင်ကွက်သစ်ရပ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး
Feb 27,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ကျောင်းတွင်းရပ်ကွက် စည်ပင်ကွက်သစ်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား တိုင်း‌ဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့မှ လိုက်လံကြည့်ရှုအားပေး
Feb 27,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ ဆောင်ရွက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအေးမောင်ကြည်နှင့် ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးအောင်ဝင်းဦးတို့သည် ပဲခူးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းခြင်းဆောင်ရွက်
Feb 27,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ် စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
Feb 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့်လည်းကောင်း၊ ပျိုးထောင်စိုက်ဖြင့်လည်းကောင်း၊ တိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder) ဖြင့်လည်းကောင်း ဗီယက်နမ်စပါးမျိုးနှင့် ထိုင်းနှံကောက်စပါးမျိုးများ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ငါးဆယ်ပေးအုပ်စု၊ အုတ်ဖိုကျေးရွာရှိ တောင်သူဦးကြည်မြင့်နှင့် တောင်သူ (၁၅) ဦး၏ ကွင်းအမှတ်(၆၇)၊ လယ်မြေ (၂၅) ဧကတွင် ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြော
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပရာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)နှင့် ညောင်ဦးခရိုင် အိမ်ခြံမြေဝန်ဆောင်မှု အသင်းသား/သူများနှင့် တွေ့ဆုံပွဲကျင်းပ
Feb 27,2024
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)နှင့်ညောင်ဦးခရိုင် အိမ်ခြံမြေဝန်ဆောင်မှု အသင်းသား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရ သည်။
ပင်းတယမြို့၌ လက်ဖက်ထုတ်ကုန်အဖွဲ့နှင့် ဒေသခံလက်ဖက်စိုက်တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Feb 27,2024
ရှမ်းပြည်နယ်အတွင်း ဦးစားပေးဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်အမယ်များနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက် အောင်မြင်စွာဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်(Work Plan)များအား ရေးဆွဲရန်အတွက် လက်ဖက်ထုတ်ကုန်အဖွဲ့မှ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံလက်ဖက်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။