သတင်းများ

ပုလောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5)  (Grade -9)စာမေးပွဲ ဖြေဆိုပြီးစီး
Feb 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်း၌ (Grade -5) နှင့် (Grade -9) တက်ရောက်နေသူ  ကျောင်းသား/သူများ၏ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အရည်အချင်း စစ်စာမေးပွဲကို  ဖေဖော်ဝါရီလ ၂၂ ရက်နေ့ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ နေ့လည်ပိုင်းတွင် အေးချမ်းစွာ ဖြေဆိုပြီးစီးပြီဖြစ် ကြောင်း သိရသည်။
လွိုင်လင်မြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲကျင်းပ
Feb 27,2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစီအစဉ်ဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပါသည်။
ရွှေပြည်သာမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အထိ ကလေးသူငယ်များအား (၅)မျိုးစပ် ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်
Feb 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်‌ အသက်(၁)နှစ်မှ အသက်(၅)နှစ်အထိ ကလေးသူငယ်များအား (၅)မျိုးစပ်ကာကွယ်ဆေး ထိုးပေးခြင်းများကို ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံနှင့် ရပ်ကွက်များရှိ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက (၂၃)ရပ်ကွက် ကျန်းမာရေးဆေးခန်းတွင် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံ‌ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပလောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile library ဖြင့် စာအုပ်များ ငှားရမ်းပေး
Feb 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက် (၁ဝ) နာရီက ပလောက်နယ်မြေ မီးသတ်စခန်းသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့သည်။
ဝါးခယ်မမြို့နယ်တွင် (၄၁)ကြိမ်မြောက် ဗုဒ္ဓစွယ်တော်မြတ်ပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် သကျမဟာသီရိဘုရားကြီး၌ ယနေ့နံနက် ၉ နာရီအချိန်က (၄၁)ကြိမ်မြောက် ဗုဒ္ဓစွယ်တော်မြတ်ပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲပြုလုပ်
Feb 27,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို ယနေ့နံနက်(၈)နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက် မြို့မအားကစားကွင်း၌ ပြုလုပ်ရာ စုစုပေါင်း အင်အား ၅၀၀ ခန့် တက်ရောက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးဆိပ်ကမ်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ပကိုးအင်းစီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေး
Feb 27,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက မန္တလေးဆိပ်ကမ်း သာယာလှပရေးဆောင်ရွက်ထားရှိမှုနှင့် ပကိုးအင်းစီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး(၁)ဗိုလ်မှူးမျိုးသွင်က ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်ဥဒေနှင့် ပတ်သတ်၍ လူငယ်များနှင့်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ သတင်းအမှားများပျံ့နှံ့နေခြင်းကြောင့် သတင်းအမှန်များသိရှိစေရန်နှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရမည့်သူများအနေဖြင့် စစ်သင်တန်းတက်ရောက်ပြီးပါက မိမိတို့ဆန္ဒရှိရာ ဒေသများတွင်သာ တာဝန်ထမ်းဆောင်ရမည်၊ လေ့ကျင့်မှုတွင်လည်း တပ်မတော်သားများ တတ်သင့်တတ်ထိုက်တဲ့ နိုင်ငံတော်ကာကွယ်ရေး ပညာရပ် အားလုံးကို အချိန်ပေး သေချာစွာ သင်ကြားပေးမည်။ သင်တန်းပို့ချမှု ပြီးမြောက်မှသာ တာဝန်ထမ်းဆောင်စေရမည်၊ စသည့် အကြောင်း အရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။