သတင်းများ

ကျိုက်မရော၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 27,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်က လူစည်ကားရာနေရာများ၌ လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
အရာ‌‌တော်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 စာမေးပွဲ အေးချမ်းစွာဖြေဆိုပြီးစီး
Feb 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံ ပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 အစိုးရစစ် စာမေးပွဲများကို အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၉ နာရီက အေးချမ်းစွာစတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့၊ မြို့လှကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Feb 27,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မြို့လှ၊ မကျီးကုန်း၊ အင်းပေါင်၊ ပုတီးကုန်း၊ ကမ္မ၊ ပဲ့ဆည်၊ ဝါးရုံတော၊ ပျားစီနှင့် ဆတ္ထိုးကြီးအုပ်စုရှိ ဒေသခံပြည်သူများ ပြည်သူ့စ်မှုထမ်း ဥပဒေအကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့လှကျေးရွာဘုန်တော်ကြီးမြောက်ကျောင်း၌ ကျင်းပပြုလုပ်သည်။
ကျောက်တံခါးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမနှင့် ရုံးရှေ့တို့တွင် ရပ်ကွက်နှင့် ကျေးရွာပြည်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်များအား လက်ဝယ်အရောက် အသိပညာပေး ဖြန့်ဝေပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲ‌ အောင်မြင်စွာ ဖြေဆိုပြီးစီး
Feb 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် (Grade- 5) နှင့် (Grade- 9) နှစ်ဆုံးစာမေးပွဲ လူမူရေးဘာသာရပ်နှင့် သမိုင်း ဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီမှ စ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade -5) အတန်း နှစ်ဆုံး ခရိုင်စစ်စာမေးပွဲ ဖြေဆိုပြီးစီး
Feb 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5) အတန်း ကျောင်းသား/သူများ၏ နှစ်ဆုံး ခရိုင်စစ်စာမေးပွဲကြီး ယနေ့တွင် အောင်မြင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပွဲ ကျင်းပဆောင်ရွက်
Feb 27,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 အခန်းဆုံးစာမေးပွဲ နောက်ဆုံးဘာသာရပ် ဆက်လက်ဖြေဆို
Feb 27,2024
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Grade-5 အခန်းဆုံး စာမေးပွဲ နောက်ဆုံးဘာသာရပ်ဖြစ်သည့် သိပ္ပံဘာသာရပ်အား ယနေ့ နံနက် (၉)နာရီက သက်ဆိုင်ရာစာဖြေဌာနများတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။