သတင်းများ

ဖျာပုံခရိုင်ရုံး (Community Centre) ခန်းမ၌ "ပန်းအလှထိုးနည်း" သင်တန်းဖွင့်လှစ်
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် အခမ်းအနားများ ပြင်ဆင်ရာတွင် ပန်းစို၊ ပန်းခြောက်များ အသုံးပြု၍ ပန်းအလှဆင်ခြင်းအတတ်ပညာဖြင့် အလှပန်းခြင်း၊ အလှပန်းအိုးများ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ "ပန်းအလှထိုးနည်း" သင်တန်းကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Feb 27,2024
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် လူငယ်တွေရင်ဖွင့်ပါစေလား စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
ကျိုက်လတ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၁၀)နာရီက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ "ဘဝအသစ်ရဲ့ အစများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆင်ဘိုနှင့် တာလောကြီးကျေးရွာများမှ Grade-12 ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများနှင့် သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများအား စားသောက်ကုန်များထောက်ပံ့
Feb 27,2024
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်သင်ကြားမှုခံယူနေသော ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများအတွက် စားသောက်ကုန်များကို ‌ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် နွေစပါးမြေသြဇာစုပေါင်းကြဲပက်ပွဲကျင်းပ
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ လပွတ္တာမြို့နယ်တွင် နွေစပါးမြေသြဇာစုပေါင်းကြဲပက် ခြင်းအခမ်း အနားကို ယနေ့နံနက် ၈ နာရီ ၃၀ အချိန်က လပွတ္တာ-မြောင်မြကားလမ်းဘေး ၁မိုင်၊ ရှမ်စုကျေးရွာရှိတောင်သူဦးထွန်လင်းလယ်မြေဧက ၄၀ တွင်ကျင်းပသည်။
သရက်မြို့နယ်၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ဖျောက်ဆိပ်ခုံကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများနှင့် တွေ့ဆုံ
Feb 27,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ယနေ့မွန်းလွဲ (၁)နာရီက ဖျောက်ဆိပ်ခုံကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် အစိုးရဓမ္မာစရိယပါဠိ ပထမပြန်စာမေးပွဲများအတွက် တတိယအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားတက်ရောက်
Feb 27,2024
ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆရာတော်ကြီး၏ သြဝါဒခံယူ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်း ပါဝင်လှူဒါန်းမှုဖြင့် ၂၀၂၃ ခုနှစ်တွင် အစိုးရဓမ္မာစရိယပါဠိပထမပြန် စာမေးပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စာအောင် ရဟန်း/သံဃာ များအား တတိယအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။
မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Computer Knowledge & Painting and Typing (English) သင်တန်းဖွင့်ပွဲကျင်းပ
Feb 27,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် AAMON Computer Training Centre တို့ပူးပေါင်း၍ Computer Knowledge & Painting and Typing (English) အခမဲ့သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။