မန္တလေးမြို့ ဌာနဆိုင်ရာများသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာငှားဆောင်ရွက်ပေး
Feb 27,2024
အများပြည်သူ စာပေဗဟုသုတ ရရှိစေရန်၊ ဝန်ထမ်းများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ တိုးပွားစေရန်၊ မိမိတို့ အားလပ်ချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အသုံးချတတ်စေရန်၊ စာအုပ်၊ စာစောင်များကို လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။