မြင်းခြံမြို့နယ် ရွာစည်တောင်ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပ
Feb 28,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရွာစည်တောင်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်ဝင်းစိန်၊ မြိုနယ်ပြန်/ဆက်ဦးစီးမှူးနှင့် မြို့နယ် ဥပဒေအရာရှိတို့က ပြည်သူ့စစ်မှုထမ်း ဥပဒေ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး ယင်းနှင့် ပတ်သက်သည့် သတင်းတု၊ သတင်းအမှားများကို မယုံကြည်ကြစေရန်နှင့် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးဟောပြောသည်။