ပြင်ဦးလွင်ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ပွဲစဉ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 28,2024
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်မြို့နယ် ပိုက်ကျော်ခြင်း ဆပ်ကော်မတီနှင့် ဝါသနာတူပိုက်ကျော်ခြင်း ညီအစ်ကိုများ ပူးပေါင်းကျင်းပသော ပွဲစဉ်(၃) ပြင်ဦးလွင်ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ခြင်းကွင်း၌ ကျင်းပခဲ့သည်။