သတင်းများ

တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုံး ပြည်ထောင်စုလမ်း ကရင်ပြည်နယ်အပိုင်းတွင် လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်
Feb 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် မိမိတို့ တာဝန်ယူရသော လမ်းပိုင်းများကို အစဉ်ကြံ့ခိုင်မှုရှိနေစေရန်၊ ရေရှည်အသုံးပြုနိုင်ရန်နှင့် သဘာဝဘေးကြောင့် လည်းကောင်း၊ လမ်းခံနိုင်ဝန်ထက် ပိုမိုအသုံးပြုမှုများကြောင့် လည်းကောင်း၊ လမ်းပျက်စီးမှုများ နည်းပါးစေရန် အစဉ်တစိုက် ပြုပြင်ထိန်းသိမ်းပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီပညာသင်တန်း(အခမဲ့)ဖွင့်လှစ်
Feb 28,2024
လူငယ်များ အနုပညာကိုချစ်မြတ်နိုးစေရန်၊ ပန်းချီအခြေခံပညာ တတ်မြောက်စေရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ အခြေခံပန်းချီပညာသင်တန်း(အခမဲ့)ကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Feb 28,2024
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဘီလူးမြို့ သရက်ကုန်းကျေးရွာတွင် မီးသင်္ဂြိုလ်စက် တည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်းမြို့၊ ပါရမီလူမှုကူညီရေးအသင်း ဟုမ္မလင်းသို့ နိဗ္ဗာန်ယာဥ်(၁)စီး ပေးအပ်လှူဒါန်းခြင်းနှင့် ရေစက်ချအခမ်းအနားကျင်းပ
Feb 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ လောင်ဖောင်ကျေးရွာအုပ်စု၊ နောင်ပတ်ကျေးရွာ ဦးဝင်းဗိုလ်+ဒေါ်တင်ကြည် နောင်ရိုးရှမ်းရိုးရာအထည်ဆိုင် အလှူရှင်မိသားစုမှ ပါရမီလူမှုကူညီရေး အသင်း ဟုမ္မလင်းသို့ နိဗ္ဗာန်ယာဥ် (၁)စီး ပေးအပ်လွှဲပြောင်းလှူဒါန်းခြင်းနှင့် ရေစက်ချ အခမ်းအနားပွဲ ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဟုမ္မလင်းသီတဂူဆေးရုံတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းရိပ်သာ ဆရာတော် ဦးဒေဝိန္ဒထံမှ ငါးပါးသီလခံယူပြီး ပရိတ်တရားနာယူခဲ့ကာ ဟုမ္မလင်းမြို့၊ သာသနဇောတိက မြို့မကျောင်းဆရာတော် ဦးဣန္ဒဝံသက တရားဟောရေစက်ချတရားနားယူခဲ့ကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာ ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများ၊ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ကာ ကျေးရွာ/ရပ်ကွက်များသို့ အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေမှုတို့အား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Feb 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူများ သက်ဆိုင်ရာစာစစ်ဌာနများတွင် အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုတို့အား ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
Feb 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့တွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများ ဈေးကောင်းရရှိ
Feb 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံ လုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင် သီးနှံများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မရမ်းသီးများသည် ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အသီးများ စတင်ထွက်ရှိပြီး ဒေသခံ ပြည်သူများက လိုက်လံဆွတ်ခူးရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။