သတင်းများ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးဘုရားဖူးရောက်ရှိခဲ့ပါက နံရံဆေးရေးပန်းချီများနှင့် ဂူဘုရားတည်ဆောက်ပုံဗိသုကာပညာရပ်များကို သူဌေးဂူဘုရားတွင် လေ့လာနိုင်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေးလာရောက်ခဲ့ပါက ပုဂံဒေသရှိသမိုင်းအထင်ကရဘုရားများကိုဖူးမြော်ပြီး ရွှေစည်းခုံဘုရား အရှေ့ဘက်စောင်းတန်းမြောက်ဘက်ကပ်လျက်ရှိ သူဌေးဂူဘုရားအတွင်း ထိုင်တော်မူ၊ ရပ်တော်မူဘုရားတို့ကိုဖူးမြော်ပြီး အလွန်ရှေးကျသည့် နံရံဆေးရေးပန်းချီများနှင့် တည်ဆောက်ပုံဗိသုကာပညာရပ်တို့ကို လေ့လာနိုင်ကြောင်း သိရသည်။
ကျောက်ဖြူခရိုင်၌  Grade-9 နှစ်ဆုံးစာမေးပွဲ နောက်ဆုံးနေ့ သိပ္ပံဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုပြီးစီး
Feb 28,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှစ်ဆုံးစာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာနအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက Grade -9 စာမေးပွဲ နောက်ဆုံးနေ့ သိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို ပြီးစီးပြီဖြစ်သည်။
ကျောက်ဆည်မြို့တွင်  “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင်  စာရေးဆရာ အောင်ကိုဦး (UMK)ရေးသားသည့် “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့နယ် အမှတ်(၁)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ
Feb 28,2024
မြင်းခြံမြို့နယ် အမှတ်(၁)ရပ်ကွက် မြသိန်းတန်ရှင်ပင်ချမ်းသာစေတီ၊ ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၈၉၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊အဘွား (၈၉၂)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 28,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ညောင်ဦးမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  စဉ်ဆက်မပြတ်ဆောင်ရွက်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော ်ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ  အဆိုပါလုပ်ငန်းများအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စျေးများ၊ ဌာနဆိုင်ရာရုံးများနှင့် အခြားမီးဘေးစိုးရိမ်ရသော လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေးဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုံး ပြည်ထောင်စုလမ်း ကရင်ပြည်နယ်အပိုင်းတွင် လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်
Feb 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် မိမိတို့ တာဝန်ယူရသော လမ်းပိုင်းများကို အစဉ်ကြံ့ခိုင်မှုရှိနေစေရန်၊ ရေရှည်အသုံးပြုနိုင်ရန်နှင့် သဘာဝဘေးကြောင့် လည်းကောင်း၊ လမ်းခံနိုင်ဝန်ထက် ပိုမိုအသုံးပြုမှုများကြောင့် လည်းကောင်း၊ လမ်းပျက်စီးမှုများ နည်းပါးစေရန် အစဉ်တစိုက် ပြုပြင်ထိန်းသိမ်းပေးလျက်ရှိကြောင်း သိရသည်။