သတင်းများ

ကျွန်းလှမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသ
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်‌ဈေးရှေ့၌ ဆောင်ရွက်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ကချင်ရိုးရာ ဂျပ်ခုတ်နှင့် ရက်ကန်းလုပ်ငန်း သင်တန်းကျောင်း ဖွင့်ပွဲကျင်းပ
Feb 29,2024
ကချင်တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးနှင့် သက်ဆိုင်သော ပဒန်ရှရီ (Padang Shayi) ကချင်ရိုးရာ ဂျပ်ခုတ်နှင့် ရက်ကန်းလုပ်ငန်း သင်တန်းကျောင်းဖွင့်ပွဲ (ကောင်းချီးခံယူဆုတောင်းဝတ်ပြုပွဲ) အခမ်းအနားကို ဖေဖော်ဝါရီ (၂၇) ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပ.လ.န၊ အမှတ် (၂) ကံ့ကော်မြိုင်ကျေးရွာရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့၌ မြေအောက်ရေအသုံးပြု၍ မီးဖိုချောင်သုံး ဆောင်းသီးနှံဧက ၂၂၀၀ လျာထား စိုက်ပျိုး
Feb 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီအတွင်း မြေအောက်ရေအသုံးပြုပြီး မီးဖိုချောင်သုံး ဆောင်းသီးနှံဧက  ၂၂၀၀  လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နမ့်စန်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၅၃) ဦး ဝင်ရောက်ဖြေဆိုမည်
Feb 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာစစ်ဌာန (၂) ခုမှ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၃၃၇) ဦး၊ အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး၊ စုစုပေါင်း (၃၅၃) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ် (မန္တလေး)၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများ ရှင်းလင်းဆွေးနွေး
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ ပင်မအ‌ဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းစန်းတင့် ၊ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများ စုစုပေါင်းလူဦးရေ (၃၉၅)ဦး  တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများကို ကျေးရွာများအရောက် ရှင်းလင်းဆွေးနွေး
Feb 28,2024
ပျော်ဘွယ်မြို့နယ်၊ ညောင်ရွှေကျေးရွာအုပ်စု၊ ညောင်နွယ်(တ)ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၂၈)ရက်၊ နံနက်(၉)နာရီခွဲက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရထားသံလမ်းတစ်လျှောက် သန့်ရှင်းရေး ဆောင်ရွက်မှုအခြေအနေအား တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့်အဖွဲ့ လာရောက်ကြည့်ရှုအားပေး
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ရှမ်းစုဘူတာနှင့် မြို့ဟောင်းဘူတာအကြား  ရထားလမ်းတစ်လျှောက်လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လူစည်ကားရာ နေရာများနှင့် ကျေးရွာတချို့၌ သွားရောက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။