သတင်းများ

ပျော်ဘွယ်မြို့၊ CHUNGBO နှမ်းဆီမွှေးစက်ရုံတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 29,2024
ပျော်ဘွယ်မြို့၊ CHUNGBO နှမ်းဆီမွှေးစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးဘေးလုံခြုံမှုစစ်ဆေးခြင်းတို့ကို ယမန်နေ့ နံနက်(၉)နာရီခွဲက အဆိုပါစက်ရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade-9) နှစ်ဆုံးခရိုင်စစ်စာမေးပွဲ ဖြေဆိုပြီးစီး
Feb 29,2024
တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့တွင် အ‌ခြေခံပညာကျောင်းများ၌ ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(Grade -5)နှင့် (Grade-9) ခရိုင်စစ်စာမေးပွဲကြီးဖြေဆိုလျက်ရှိရာ ယမန်နေ့က(Grade-5)ပြီးဆုံး၍ ယနေ့တွင် (Grade-9) ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ဝိသေသထူးခြားချက်များနဲ့ အမြဲစည်ကားလှတဲ့ ဘုရားပွဲတော်
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းမှ ရွှေစက်တော်ဘုရားပွဲသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော်လည်း ဝိသေသထူးခြားချက်များနဲ့ ဘုရားကြီး၏ တန်ခိုးတော်တို့ကြောင့် ဘုရားပွဲတော်မှာ အမြဲစည်ကားလျက် ရှိပေသည်။
အုတ်ဖိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 29,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၇) နာရီအချိန်က မြို့မစျေးနှင့် လူစည်ကားရာ နေရာများတွင် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ခုတင်(၅၀၀) ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာများပေးအပ်
Feb 29,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာများ ပေးအပ်ပြီး ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ကဝမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၉) နာရီက ပဲခူးလမ်းမကြီး‌ဘေးနှင့် လူစည်ကားရာ လမ်းဆုံတို့တွင် ဒေသခံခရီးသွားပြည်သူများ လက်ဝယ်အရောက် အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်
Feb 29,2024
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ် မီးသတ်စခန်း၌ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်‌လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။