အောင်လံမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြပွဲ ကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ မြို့မဈေး၊ မြနန္ဒာဈေးတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြသပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ညနေ ၃ နာရီက ပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့သည်။