သတင်းများ

ရေနံချောင်းမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များ၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီး ချောင်းဆုံမြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
Feb 29,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် (MSME) ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ငန်းများကို သိရှိစေရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် ပြည်နယ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၉)နာရီက ကျွန်းသာယာခန်းမတွင် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
စလင်းမြို့​ စာစီကျောင်းရပ်ကွက် အခြခံပညာမူလတန်းကျောင်း၌ ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စာစီကျောင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများတက်ရောက် ပညာသင်ကြားနိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင်၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာ အလယ်တန်းကျောင်း (ရှမ်းမငယ်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Feb 29,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံ ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့နယ် ပေခုံကျေးရွာ၌ ပြည်သူ့စစ်ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပေခုံကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပေခုံကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ဆောင်ရွက်ရာ ကျေးရွာနေပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
မြစ်သားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Feb 29,2024
 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွာသစ်ကျေးရွာအုပ်စုရသာချို ကြက်သွန်ကြော်လုပ်ငန်းအလုပ်ရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန်ကန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 29,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် မန်ကန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။