သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်တွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးမှုအား ကြည့်ရှုအားပေး
Feb 29,2024
ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီး(ခုတင်-၂၀၀)နှင့် တပ်ကုန်းပြည်သူ့ဆေးရုံ(ခုတင်-၁၀၀) အထူးကုဆရာဝန်များပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ မင်းကုန်းကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာအုပ်စုနှင့် ဇလောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဇလောင်းကျေးရွာအုပ်စု ရာဇဓာနီသာမဏေကျော်ကျောင်းတိုက်၌ ကွင်းဆင်း၍ အခမဲ့ဆေးကုသခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ကြည့်ရှုအားပေးခဲ့သည်။
ဗန်းမော်မြို့၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆွေးနွေးပွဲကျင်းပ
Feb 29,2024
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆွေးနွေးပွဲကို ခရိုင်စိုက်ပျိုးပညာပေးရေးခန်းမ၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွှဲ ၁ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗလမင်းထင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများစုပေါင်း၍ (၂/၂၀၂၄)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ နွေရာသီရေရှားပါးသည့်အချိန် ရေခြံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း
Feb 29,2024
မြန်မာနိုင်ငံတွင် တော၊ တောင်၊ ရေ၊ မြေ၊ သဘာဝအရစိုက်ပျိုးရေးကို အခြေခံစီးပွားဖြစ် လုပ်ကိုင်စားသောက်ကြပြီး၊ ဒေသရာသီဥတု၊ မြေဆီလွှာနှင့်ကိုက်ညီသော သီးပင်၊ စားပင်များ စိုက်ပျိုးရောင်းချလျက်ရှိကြရာ တောင်ပေါ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများတွင် ရေခြံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့တွင် အခမ်းအနားမှူးသင်တန်းဆင်းပွဲ ကျင်းပ
Feb 29,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လို့င်လင်ခရိုင်ရုံးမှ ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ အိမ်ထောင်စု(၂၀)အား ထင်းများ အခမဲ့ဖြန့်ဝေ
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သော သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းမှ ထွက်ရှိသည့်ထင်း(၉.၉၈)တန်အား မကျီးထူးကျေးရွာနှင့် သစ်စေးတဲကျေးရွာတို့မှ အိမ်ထောင်စု(၂၀)အား  ထင်းများအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀အချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၇/အ ရှေ့ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း နှစ်ကျိပ်ရှစ်ဆူ ဗဟိုဓမ္မာရုံတွင် ယမန်နေ့ နေ့လယ် (၁) နာရီ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ နှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရန် ရည်ရွယ်ကာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူများ (၁၆၅) ဦးခန့် တက်ရောက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လက်နက်ငယ်ကျွမ်းကျင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
Feb 29,2024
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ၏ လက်နက်ငယ်ကျွမ်းကျင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ရဲဇာနည်ခန်းမ၌ ကျင်းပခဲ့သည်။