သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ (၄၂) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်
Jun 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၄၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ (၄)နာရီအချိန်က သီရီမင်္ဂလာ ရွှေချမ်းသာ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ ဖြင့် လှူဒါန်းသောဆန်များအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်
Jun 11,2025
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ ဖြင့် ကိုးရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ လှူဒါန်းသော ဆန်(၁၆၁၀)တန်အား နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဘေးသင့်ပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် နေပြည်တော်ကောင်စီသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး‌ ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ APTERR အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
တန့်ယန်းမြို့နယ်တွင် ရွှေဟင်္သာ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ
Jun 11,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အောင်မင်္ဂလာကျောင်းတိုက်ကြီးအတွင်း၌ တည်ထားလျက်ရှိသော ဉာဏ်တော် (၈၁) ပေရှိသည့် ရွှေဟင်္သာစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော်တင်မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အောင်မင်္ဂလာကျောင်းတိုက် ရွှေဟင်္သာစေတီတော်၌ ကျင်းပသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းများ ပြန်လည်ပြုပြင်နေမှု ကွင်းဆင်းကြည့်ရှု
Jun 11,2025
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးခင်မောင်လတ်တို့သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် ဒက္ခိဏသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ရန်‌အောင်မြင်)နှင့် အမှတ်-၁၈ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းအိပ်၊ ကျောင်းစားထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြင့်တင်ရေး နယ်လည့်စာကြည့်တိုက်၊ ‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Jun 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက တော်ပုလဲရပ်ကွက်၊ အ.မ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌နယ်လှည့်အသိပညာပေးဟောပြောပွဲကျင်းပ
Jun 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ လူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားစေရန်ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက ရွှေပြည်သာမြို့နယ် မြို့ဦးထန်းတပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jun 10,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ကျေးလက်လမ်းဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊အသိပညာဗဟုသုတများတိုးပွားစေရန်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ယနေ့နံနက်(၁၀)နာရီအချိန်က အ.လ.က(ခွဲ)ကြက်သွန်ခင်း(၂)ကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.မ.က (မူလွန်) ကြက်သွန်ခင်း( ၁) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၌ စာကြည့်တိုက်ဝန်ဆောင်မှု ဗီဒီယိုဖိုင်များ ဖန်တီးခြင်းသင်တန်း ဖွင့်လှစ်သင်ကြား
Jun 10,2025
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်သည့် စာကြည့်တိုက်ဝန်ဆောင်မှု ဗီဒီယိုဖိုင်များဖန်တီးခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်၊ သင်တန်းနည်းပြနှင့် သင်တန်းသူ၊ သင်တန်းသားများ ‌တက်ရောက်ခဲ့ကြသည်။