သတင်းများ

မြို့သစ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jun 11,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များသည် ယမန်နေ့က မြို့သစ်မြို့ ဘုရားကြီးရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 11,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက်ရည်ရွယ်၍ ဇီးကိုင်းကျေးရွာအုပ်စု၊ ကျွန်းပင်စင်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက်ရာသီစာ ဒရင်ကောက်ပင်များလိုက်လံချိုးယူရောင်းချသူများပိုများလာ
Jun 11,2025
ကရင်ပြည်နယ်၊ သံ‌တောင်ကြီးဒေသသည်‌  တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် အလုပ်အကိုင်များ ရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဥယျာဉ်ခြံအတွင်းရှိ ချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့် လယ်ကွက်များတွင်      သဘာဝအတိုင်း ပေါက်‌ရောက်သည့် ဒရင်ကောက်ပင်များကို  လိုက်လံချိုးယူရောင်းချသူများ ပိုများလာကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင် ရောနှောဆီထုတ်လုပ်ရောင်းချနိုင်ရန် FDA ထောက်ခံချက်ရရှိရေးနှင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ၊ MSME ချေးငွေဆိုင်ရာသိ‌ကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်
Jun 11,2025
ရောနှောဆီထုတ်လုပ်ရောင်းချနိုင်ရန် FDA ထောက်ခံချက်ရရှိရေးနှင့် ဆီစက်ဖွံ့ဖြိုးရေးငွေ၊ MSME ချေးငွေဆိုင်ရာသိ‌ကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်‌နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးခန်းမတွင်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများ၊ ဆီစက်၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ
Jun 11,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က  မြို့နယ်လူမှုဖူလုံရေးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 11,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်မှ ပြည်သူများ ဧရာဝတီမြစ်ရေ မြင့်တက်လာသည့်အတွက် ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းကို  ယမန်နေ့ နံနက်ပိုင်းက နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။  
ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း( Smart Village )  မိတ်ဆက်ရှင်းလင်းခြင်း ဆောင်ရွက်
Jun 11,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ရွှေဘိုကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဝင် ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အ.ထ.က-ခွဲ(မိုင်းကိုင်)၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jun 11,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း-ခွဲ (မိုင်းကိုင်) ၌ ကျင်းပပြုလုပ်ခဲ့ရာ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ ဆရာမများ တက်ရောက်ခဲ့ကြသည်။