သတင်းများ

 ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “ယုံကြည်မှုဖြင့် အောင်မြင်ခြင်း” စာအုပ်စာဖတ်ဝိုင်း ကျင်းပ
Jun 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ (၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ရနံ့သိုက်ရေးသားသည့် “ယုံကြည်မှုဖြင့် အောင်မြင်ခြင်း” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေလုပ်ငန်းများအရှိန်အဟုန်ဖြင့် ဆောင်ရွက်
Jun 11,2025
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်မောင်းနှင်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက တံတားဦးမြို့ အမှတ် (၃) ရပ်ကွက် တံတားဦး-မြို့သာ ကားလမ်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေး
Jun 11,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျွန်းပင်စင်ကျေးရွာ၌ သတ္တမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
မိုင်းယောင်းမြို့၌ ရုံးအဆင့်ဆင့်ရှိဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jun 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ် လမ်းဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် လမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မိုင်းပျဉ်း - မက်မန်းလမ်းမပေါ်ရှိ ၇၅ ကီလိုမီတာမှ ၇၆ ကီလိုမီတာအထိ လမ်းဘေး/ဝဲယာတစ်လျှောက် အရိပ်ရလေကာပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Jun 11,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဘုန်းတော်ပြည့်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်၌ အခြေခံစားသောက်ကုန်များကို အထူးသက်သာစျေးနှုန်းဖြင့် ရောင်းချပေး
Jun 11,2025
မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၈လမ်း၊၃၉နှင့် ၄၀လမ်းကြားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဥ်ဖြင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီစျေးနှင့်သားသတ်ဌာနမှူး ဦးပြည်ဝင်း ဦးစီးသည့် ဝန်ထမ်း(၂၀)ဦးခန့်မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား ယနေ့နံနက်ပိုင်းက သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အသိပညာ ဗဟုသုတများ ပြည့်စုံစေရန် ယမန်နေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။