သတင်းများ

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 11,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏စွန့်စားမှုဆီသို့ခြေတစ်လှမ်းစာအုပ်အား ယမန်နေ့နေ့လယ်(၂) နာရီ အချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်  (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ခေတ်မီကညစ်ယွန်းနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ
Jun 11,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ခေတ်မီကညစ်ယွန်း ကာလတို နည်းပညာမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ မြင်းကပါကျေးရွာ၊ ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ FAIRYLAND KALAW ရုပ်ရှင်ရိုက်ကွင်း စတူဒီယိုစီမံကိန်းလုပ်ငန်းများ လာရောက်ရှင်းလင်း
Jun 11,2025
FAIRYLAND KALAW ရှပ်ရုင်ရိုက်ကူးကွင်းစတူဒီယို စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ယမန်နေ့ မွန်းလွဲ (၂) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းကြောင်း သိရသည်။
လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း(နောင်ပန်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 11,2025
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် အ‌ခြေခံပညာမူလတန်းကျောင်း(နောင်ပန်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ချမ်းအေးသာစံမြို့နယ်အတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံဖြိုချဖျက်ဆီးသည့် အခြေအနေများအား ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် လာရောက်ကြည့်ရှု
Jun 11,2025
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်း ထိခိုက်ပျက်ဆီးခဲ့သော အဆောက်အအုံများအား ရှင်းလင်း​ဖြိုချနေသည့် အခြေအနေများကို ယနေ့နံနက် ၁၀ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့သည်။
သာစည်မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသူအတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေး
Jun 11,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော သာစည်မြို့နယ် မြန်မာ့မီးရထားဌာနမှ အာမခံအလုပ်သမား အလုပ်ခွင်ထိခိုက်သေဆုံးသွားသည့် အတွက် ကျန်ရစ်သူ ငွေလုံးငွေရင်းအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 11,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ခရိုင်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ      
Jun 11,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အိုးဘိုတွင် ပြုလုပ်သည်။